Local News

အရည်အသွေးကောင်း နှမ်းသစ်များအမြင့်စျေးမြင့် အရောင်းအဝယ်သွက်

Last Updated:

အရည်အသွေးကောင်း နှမ်းသစ်များအမြင့်စျေးဖြင့် အရောင်းအဝယ်သွက်

     မကွေးတိုင်းဒေသကြီးအတွင်းရှိနှမ်းစိုက်ပျိုးထွက်ရှိရာဒေသများတွင်နွေနှမ်း(ရေသွင်းနှမ်း)များပေါ်ထွက်လာပြီဖြစ်ရာ နှမ်းအသစ်ပေါ်လာသလိုနှမ်းစျေးများလည်းစျေးကောင်းရလာကာတောင်သူများအဆင်ပြေတွက်ခြေကိုက်နေတာကိုတွေ့ရပါတယ်။တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့(မကွေး)နှင့်MMTWMagwayCompanyတို့ပူးပေါင်းညှိနှိုင်းပြီးတောင်သူအစု အဖွဲ့များစုပေါင်းကျင်းပတဲ့နှမ်းသီးနှံစုပေါင်းရောင်းချပွဲအားဧရာဝတီမြစ်အနောက်ဖက်မင်းဘူး(စကု)၊စလင်း၊ပွင့်ဖြူမြို့ နယ်တို့တွင်တင်ဒါခေါ်ယူပြီးအဖွင့်စျေးသတ်မှတ်ကာရောင်းချနေပြီးယခုလိုရောင်းချရသည့်အတွက်တောင်သူများအဖို့ စျေးကောင်းရရှိခြင်း၊ပွဲခသက်သာသည့်အပြင်အိတ်ခွံအလေးချိန်မှာလည်းအနည်းငယ်သာပေးရသည့်အတွက်တောင်သူ များပို၍အဆင်ပြေတွက်ခြေကိုက်မှုရှိကြောင်းသိရှိရပါသည်။

          အသစ်ဝင်ရောက်လာတဲ့နှမ်းနက်များမှာမိုးလွတ်သဖြင့်အက်ဆစ်ဓါတ်ပါဝင်မှုမရှိသလောက်ဖြစ်တဲ့အတွက် အရည်အသွေးကောင်းနေတာကိုတွေ့ရပါတယ်။နှမ်းသစ်များအရည်အသွေးကောင်းနေတဲ့အတွက်တရုတ်ဝယ်လက် များကလည်းစျေးကွက်ထဲသို့အဝင်ရှိသလောက်စျေးကောင်းပေးဝယ်နေတယ်လို့သိရပါတယ်။အညာနှမ်းများရာသီဥတု ကောင်းတဲ့အတွက်အထွက်နှုန်းလည်းကောင်းကာအရည်အသွေးပါကောင်းတဲ့အတွက်စျေးကောင်းရကာနှမ်းအားလုံး အရောင်းအဝယ်သွက်နေတယ်လို့သိရပါတယ်။

          ယခုတစ်ပတ်နှမ်းစျေးများမှာနှမ်းနက်(စမုံ)သစ်၄၅ပိဿာ(၃)တင်းဝင်(၁)အိတ်လျှင်ကျပ်(၂၄ဝဝဝဝ)၊နှမ်းနက် (စမုံ)‌‌ဟောင်း၄၅ပိဿာ(၃)တင်းဝင်(၁)အိတ်လျှင်ကျပ်(၂၁၅ဝဝဝ)၊နှမ်းဂွနက်(ရိုးရိုး)၄၅ပိဿာ(၃)တင်းဝင်(၁)အိတ်လျှင် ကျပ်(၁၆၅ဝဝဝ)၊နှမ်းဖြူ(သစ်)၄၅ပိဿာ(၃)တင်းဝင်(၁)အိတ်လျှင်ကျပ်(၁၉၂ဝဝဝ)ကျပ်၊နှမ်းနီ၄၅ပိဿာ(၃)တင်းဝင် (၁)အိတ်လျှင်ကျပ်(၁၇၅ဝဝဝ)၊နှမ်းညိုကြား၄၅ပိဿာ(၃)တင်းဝင်(၁)အိတ်လျှင်ကျပ်(၁၆၈ဝဝဝ)စျေးတို့ဖြင့်အရောင်း အဝယ်ဖြစ်ခဲ့ကာယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါကနှမ်းရောင်စုံ၄၅ပိဿာ(၃)တင်းဝင်(၁)အိတ်လျှင်ကျပ်(၅ဝဝဝ)မှကျပ် (၂ဝဝဝဝ)အထိစျေးမြင့်တက်ကာအရောင်းအဝယ်သွက်လျှက် ရှိကြောင်းသိရှိရပါသည်။

Category: Local News